ရမ်းဗြဲမြို့၌ အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊  အောက်တိုဘာ  ၂၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့ရွာများ သန့်ရှင်းသာယာလှပစေရေးနှင့်စာသင်ကျောင်းများ သန့်ရှင်းသာယာရေး အတွက် ဌာနဆိုင်ရာများမှစုပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ  ယနေ့ နံနက် ၇ နာရီအချိန်က ရမ်းဗြဲမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၊  လောင်းချောင်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ  သန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်တခြားဌာနဆိုင်ရာများမှစုပေါင်း၍ကျောင်းပတ် ဝန်းကျင်သန့်ရှင်းရေးသာယာလှပရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ကြရာတွင် ကျောင်းဝင်းအတွင်းမှ အမှိုက်များကောက်ယူခြင်းမြက် ပေါင်း ခြုံ နွယ်များကိုခုတ်ထွင်ရှင်းလင်းပေးခြင်းများနှင့် ကျောင်းဝင်းအတွင်း ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွင်စွာပညာသင်ကြားပြီးကာယအချိန်များနှင့် ကျောင်းအားလပ်ချိန်များတွင် ပျော်ရွှင်စွာကစားနိုင်ကြရန်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)