လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆွေးနွေးညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆွေးနွေးညှိနှိုင်း




MNP - အောက်တိုဘာ  ၃၀


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာအုပ်စု၊ ကွမ်ဘီကျေးရွာ ဓမ္မာရုံခန်းမ၌ ကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို   ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။


မြို့နယ်အဆင့်ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းနှင့် ပြည်သူများတွေ့ဆုံပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဝင်းသန်းက ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်း  ဖွဲ့စည်းပုံအဖြင့်ပါဝင်ကြသည့်  ကာကွယ်ရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ပညာရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းများတွင်ပါဝင်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ခံများကို မိတ်ဆက်ပေးခဲ့ပြီး မိမိတို့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက်လိုအပ်သည်များ၊ ကုန်ထုတ်လုပ်ရေးအတွက်လိုအပ်သည့် လမ်း၊ တံတားများကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးတင်ဝင်းထွန်းမှ  နယ်မြေဒေသ တည်ငြိမ်လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းထွန်းမှ နယ်မြေတွင်းတရာဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်များကို ကြိုတင်ကာကွယ်ကြရမည့်နည်းလမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) မြို့နယ်ရပ်မိ၊ ရပ်ဖဦးသိန်းဇော်က ပြည်သူများကျန်းမာရေးအတွက် မိမိတို့ပူးပေါင်းဆောင်ရွက်နေလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဌာနကို ကူညီသည့်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဝင်းနိုင်ဦးက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကိုင်ဆောင်သူများမှ သတိပြုလိုက်နာရမည့်အချက်များ၊ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအကြောင်းကို ဆွေးနွေးရှင်းပြခဲ့သည်။


ဆက်လက်ပြီး ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြို့နယ်လယ်ယာစီးပွားရေးဘဏ်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်မွေး/ကုဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊  မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊


နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ခံတို့က ကျေးရွာနေပြည်သူများမှ တင်ပြဆွေးနွေးခဲ့ကြသော ကျန်းမာရေးကဏ္ဍ၊ လမ်းတံတား၊ ရေနုတ်မြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းဖော်ဆောင်ရေးကိစ္စ၊ ပညာရေးကဏ္ဍ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်   ပုံစံ(၇)ရရှိရေး၊ကျေးရွာလူဦးရေတိုးပွားလာသည့်အတွက် မြေကွက်အသစ်များ ဖော်ဆောင်ရေးနှင့်စာသင်ကျောင်းအသစ်နှင့်  မြေနေရာရရှိစေရေးအကြောင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် နည်းလမ်းများကို  ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။


သတင်း - လင်းသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)