ဘားအံမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကွင်းဆင်းဆောင်ရွက်၍ အခြေခံစားသောက်ကုန်များ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကွင်းဆင်းဆောင်ရွက်၍ အခြေခံစားသောက်ကုန်များ ရောင်းချပေး

 


MNP - အောက်တိုဘာ  ၃၀


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ၁ နာရီအချိန်ခန့်က အုန်းတပင် ကျေးရွာအုပ်စုအုန်းတပင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးရွာနေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး စစ်ကြောင်း(၅)ကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ချက်ချင်း ဆောင်ရွက်ပေးနိုင်သည့်ကိစ္စများအား ဆောင်ရွက်ပေးနိုင်ရေး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (OSS) အဖွဲ့များလည်းပါရှိကြောင်း၊ ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းထိုးနှံကြစေလိုကြောင်း၊ မိမိရပ်ရွာ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြစေလိုကြောင်း၊  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကျေးရွာရှိ လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးတင်ပြပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ စစ်ကြောင်းကြီး (၅)ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာများမှမိမိတို့ ဌာန၏ ဌာနအလိုက် ဆောင်ရွက်ပေးနေသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ရာ ဒေသခံပြည်သူများမှကျေးရွာချင်းဆက်လမ်းများအား အဆင့်မြှင့်တင်ပေး ရန်လိုအပ်မှု၊ ကျောင်းဆောင် ပြုပြင်ပေးရန်လိုအပ်မှု၊ မူကြိုကျောင်းဖွင့်လှစ်ပေးနိုင်ရေးလိုအပ်မှုများအား တင်ပြမှုအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ကရင်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့်  ကျေးလက်နေပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ပြေလည်စေရန် အခြေခံစားသောက် ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥတို့ကို  ကျေးရွာနေပြည်သူများအား သက်သာ‌သောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)