ကျိုက်ထိုမြို့နယ်( အမက )ကော်ခြံကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေး နည်လှည့် လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်( အမက )ကော်ခြံကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေး နည်လှည့် လုပ်ငန်းများဆောင်ရွက်





MNP ၊ အောက်တိုဘာ ၁၈

ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းနေရွယ် ကလေးငယ်များကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိပြီး အတွေးအခေါ်မြင့်မားလာစေရေး အတွက် အောက်တိုဘာ ၁၈ ရက်နံနက် ၁၀နာရီတွင်ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း (ကော်ခြံ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိ ပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေးပြုလုပ်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ဘဝဖွံဖြိုးတိုးတက် ဖို့ "အချိန်ကိုအကျိုးရှိစွာသုံးကြစို့"ခေါင်းစဉ်ဖြင့် ဟောပြောပြီး ပုံပြောပြိုင်ပွဲ၊‌ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကိုပြုလုပ်ပေးခဲ့သည်။

ယင်းနောက်ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတရရှိစေရန် လူကုန်ကူးမှု ဖြစ်ပေါ်စေတဲ့ အခြေခံ အကြောင်းရင်းများ၊ လူကုန်ကူးမှုကို ဖြစ်စေတတ်သော အင်္ဂါရပ်များနှင့် လူကုန်ကူးသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များအကြောင်း၊မူးယစ်ဆေးဝါးအန္တရာယ်နှင့်ကာကွယ်တားဆီးရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သည့် လိုက်နာရမည့်စည်းမျှဉ်းများ၊သဘာဝ‌ ဘေးအန္တရာယ် ကျရောက်လာပါက ကာကွယ်ရမည့်နည်းလမ်းများ အစရှိသည့် စိတ်ဝင်စားဖွယ်နံရံကပ်စာ‌ စောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ မှတ်သား ခဲ့ကြောင်းသိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)