ကျောက်တော်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ ထောက်ပံ့ငွေများပေးအပ်



MNP - အောက်တိုဘာ   ၁၄


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ စာရင်းများကောက်ခံပြီး ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိခဲ့ကြောင်းသိရသည်။


ထိုသို့ မြို့ပေါ်ရပ်ကွက်များအတွင်းရှိကိုယ်ဝန်ဆောင် မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးများအား  အာဟာရ ပြည့်ဝစွာစားသောက်နေထိုင်ပြီး ဉာဏ်ရည်ပြည့်ဝကာ ကျန်းမာကြံ့ခိုင်သော ကလေးများဖြစ်လာစေရန်နှင့် မသန်စွမ်းဖြစ်မှုနှုန်း လျော့ကျစေနိုင်ရန်အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကျောက်မြို့နယ်အတွင်း ၂၀၂၂- ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃) လပတ်အတွင်း အကျိုးခံစားခွင့်ရရှိသူ (၁၀၉၄၉)ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၄၇၃၉၂၅၀၀၀) ကျပ်အား ကိုယ်ဝန်ဆောင်နှင့်အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးနိုင်ခဲ့ပြီး ထောက်ပံ့ပေးရန် ကျန်ရှိသူများကိုလည်း ကျောက်တော်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် မြို့နယ်လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်း၍ ကွင်းဆင်းပြီး ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။ 


သတင်း - ခင်မောင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)