ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲ တက်ရောက်

 




MNP - အောက်တိုဘာ  ၃၁


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ရခိုင်ပြည်နယ်အတွင်းတိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်း၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ စစ်တမ်းများကောက်ယူခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို  ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ဆောင်ရွက်ပြီး စစ်တမ်းများကောက်ယူ သုတေသနပြုလုပ်ခဲ့ပါကြောင်း၊ စစ်တမ်းသုတေသနအစီရင်ခံစာအရ တိုင်းရင်းသားလူငယ်များ၏ တတိယ ဦးစားပေး တောင်းဆိုချက်ဖြစ်သည့် အခြေခံကွန်ပျူတာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် တိုင်းရင်းသား လူငယ်များအနေဖြင့် ကွန်ပျူတာပညာဖြင့် လူမျိုးစု အကျိုး၊ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ့အကျိုးအတွက် ရှာဖွေလေ့လာဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင် ပထမဆုရ ခမီတိုင်းရင်းသား မောင်ခင်မောင်ထွေးအား အထူးဆုအဖြစ် Laptop ကွန်ပျူတာတစ်လုံးကို ပေးအပ်ချီးမြှင့်ပြီး တိုင်းမှူးက သင်တန်းတွင်ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယပါမောက္ခချုပ်တို့က သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်း ဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။


အဆိုပါ သင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ တိုင်းရင်းသား၊ တိုင်းရင်းသူ ၄၀ ဦး တက်ရောက် ခဲ့ကြပြီး ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) သင်တန်းခန်းမတွင် တက္ကသိုလ်မှ ဆရာ၊ ဆရာမများက တစ်လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)