လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်တွင် မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများကို မီးသတ်တပ်ဖွဲ့ဝင်များအား ရှင်းလင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်တွင် မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများကို မီးသတ်တပ်ဖွဲ့ဝင်များအား ရှင်းလင်းဆွေးနွေးပွဲကျင်းပ




MNP - အောက်တိုဘာ   ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများပါအချက်အလက်များကို ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက နဝဒေးဥယျာဉ်အိမ်ရာခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသည်။


မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးရာတွင် ရပ်ကွက်/ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စက်မှုဇုန်များရှိသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား ၂၀၁၅ ခုနှစ်မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများအားချပြရှင်းလင်းခြင်း၊ တပ်ဖွဲ့ဝင်များလိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများအား စနစ်တကျလိုက်နာဆောင်ရွက်ကြရန် ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူးဦးမြင့်ဦးမှ ရှင်းလင်း‌ဆွေးနွေးမှာကြားသည်။ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပ‌ဒေရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြည်သာဇော်၊ မြို့နယ်လ.ဝ.ကဦးစီးမှူးဦးခင်မောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဇော်မင်းအောင်တို့ ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အရန်သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၊ စက်မှုဇုန်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတက်ရောက်ကြ‌ကြောင်း တာဝန်ရှိသူထံမှသိရသည်။


သတင်း - ခင်ဝင်းမူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)