တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့အခမ်းအနား သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့အခမ်းအနား သို့တက်ရောက်









MNP ၊ အောက်တိုဘာ ၁

(၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့အခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုကအဖွင့်မိန့်ခွန်းပြောကြားရာ၌၁၉၉၅ ခုနှစ်၊ အောက်တိုဘာ လ (၁)ရက်နေတွင်“ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ” လို့အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သည်ယခုဆိုရင်(၅၈)နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ စိတ်ဓာတ်၊ စည်းကမ်း၊ကိုယ်ကျင့်တရား၊ လုပ်ငန်းစွမ်းရည်များ ပြည့်ဝနေစေရန်အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းလုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေသော တပ်ဖွဲ့ဖြစ်ကြောင်း၊ (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့တွင်တစ်နိုင်ငံလုံးအနေဖြင့်နိုင်ငံတော် က ချီးမြှင့်သောစွမ်းရည် သတ္တိဆိုင်ရာ ဆုတံဆိပ်များအနေဖြင့် ရဲသူရတံဆိပ်ရရှိသူ(၆၃)ဦး၊ ရဲဗလတံဆိပ်(၅၅၀)ဦး၊ ရဲကျော်စွာတံဆိပ်(၉)ဦး၊ ရဲကျော်သူတံဆိပ်(၃)ဦး၊ စုစုပေါင်း(၆၂၅)ဦးချီးမြှင့်ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်ရဲဗလတံဆိပ် ဆု (၇)ဦးချီးမြှင့်ခံရတာကို တွေ့ရသောကြောင့် အထူးဝမ်းမြောက် ချီးကျူးဂုဏ်ပြုပါကြောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် ပြည်သူလူထုက လေးစားပြီးကိုယ်ရည်ကိုယ်သွေးပြည့်ဝသောတပ်ဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဂုဏ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှမြှင့်တင်နိုင်အောင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ခင်ကျော် က ရဲချုပ်၏ သဝဏ်လွှာအားဖတ်ကြားပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ က ရဲသူရတံဆိပ်ရရှိသူများနှင့် ရဲဗလတံဆိပ်ရရှိသူများအား ဆုများပေးအပ်ချီးမြှင့် ကာ တက်ရောက် လာသော ဧည့်သည် တော်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆောင်ရွက်ချက်များ Video Clip ပြသခဲ့ကြောင်းသတင်းရရှိသည်။


ကျော်ကျော်လတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)