ပန်းတနော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြ



MNP - အောက်တိုဘာ   ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းသုခ မိုးစပါး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျုံတုံးကြီးကျေးရွာအုပ်စု တောင်သူ ဦးသန်းဇော်၏ လယ်ယာမြေ (၃၀)ဧကတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇေယျာမြင့်၊ အဖွဲ့ဝင် (၂)ဦးသိန်းဝင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး အရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူဦးသန်းဇော်၏ လယ်ယာမြေ (၃၀)ဧက၌ ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ခဲ့ရာ  တစ်ဧကလျှင် (၉၀.၂၁) တင်းနှုန်းထွက် ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)