ကြံခင်းမြို့တွင် ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 



MNP - အောက်တိုဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ နေကြာ မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။


ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ ဆောင်းသီးနှံနေကြာမျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်စေရေးနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်မှုရှိပြီး တိုးချဲ့စိုက်ပျိုးပေးနိုင် ရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။


ထိုနောက်ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု (၃၅)အုပ်စုရှိ ဧက(၉၃၁၀)အတွက် တစ်ဧက လျှင် ဆောင်းသီးနှံနေကြာမျိုးစေ့အား သီးသန့်စိုက်ဧကအတွက် (၄)ပြည်နှုန်း၊ သီးညှပ်စိုက်ဧကအတွက် (၂)ပြည်နှုန်းဖြင့် တာဝန်ရှိသူများက တောင်သူများအား ပေးအပ်ခဲ့သည်။


ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာယာ၊ ဒုတိယဦးစီးမှူး ဒေါ်နီနီလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆောင်းသီးနှံနေကြာ စိုက်ပျိုးတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)