သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်‌ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်‌ဆေး



MNP - အောက်တိုဘာ   ၃၀


 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းက တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးမှာကြားခဲ့သည်။

တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေကျပ် (၁၀)သန်း၊ ပြည်သူများထည့်ဝင်ငွေ ကျပ်(၁)သန်း၊ စုစုပေါင်းကျပ်(၁၁)သန်းဖြင့် ကွန်ကရစ်လမ်း(၈၅၀ ပေx ၆ ပေx ၆ လက်မ) ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်နွယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် လမ်းကော်မတီများ ကွင်းဆင်းကြည့်ရှူစစ်ဆေးပြီး လမ်းရေရှည်တည်တံ့ရေး၊ လမ်းဘေးရေမြောင်းပြုလုပ်ရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)