ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 



MNP - အောက်တိုဘာ   ၁၃


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့  နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦးက အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဌာနများအလိုက် ပဒေသာပင်များ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မဟာဘုံကထိန်ဖြစ်မြောက်ရေးကော်မတီမှ  လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများအလိုက် ဆွေးနွေးတင်ပြကြရန်  လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်က ဌာနများအလိုက် ပဒေသာပင်များ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊  ပဒေသာပင် တစ်ပင်လျှင် ငွေကျပ်သုံးသိန်းအထက် သတ်မှတ်ဆောင်ရွက်ထားပြီး၊ မြို့နယ်အတွင်း ကထိန်မရရှိသေးသော ကျောင်း ၁၀ ကျောင်းနှင့် ပင်သံဃာကိုးပါးတို့ကို ဘုံကထိန် ဆက်ကပ်ရန် လျာထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာ့ရေးမှူးမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်၊ တန်ဆောင် မုန်းလဆန်း(၁၄)ရက်နေ့တွင် သီရိမင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပမည့် အခြေအနေများ၊ ပွဲကျင်းပသည့်နေ့တွင် ပဒေသာပင်များစီတန်းလှည့်လည်နိုင်ရေး ကိစ္စရပ်များနှင့် ဆောင်ရွက်မည့် အစီ အစဉ်များအား ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ တာဝန်ရှိသူများက မဟာဘုံကထိန်ဖြစ်မြောက်ရေး ကော်မတီများ၏ ကဏ္ဍအလိုက် လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီး ဆွေးနွေး တင်ပြကြရာ တင်ပြချက်များအပေါ်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)