MNP - အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်က ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ထိပ်ဝကြီးကျေးရွာအုပ်စုရှိ လေဘေးသင့် ပြည်သူများထံသို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ခဲ့သည့် ထိပ်ဝကြီးကျေးရွာ၊ အေးရွာနှင့် ရှမ်းစုကျေးရွာရှိ ပြိုကျနေအိမ် (၁)လုံး၊ အမိုးလန်နေအိမ် (၂၇)လုံး၊စု စုပေါင်းနေအိမ် (၂၈)လုံး၊ အိမ်ထောင်စု (၂၈)စု၊ လူဦးရေ (၈၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၉၁၀၀၀၀)၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေကျပ် (၁၇၂၂၀၀)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၀၈၂၂၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦး ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက လေဘေးသင့် ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment