ဒဂုံမြို့နယ်၌‌‌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်၌‌‌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 



MNP - အောက်တိုဘာ ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကျောင်းအုပ်ကြီးများ ၏  စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီက ဒဂုံမြို့နယ် ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။


‌ရှေးဦးစွာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒဂုံမြို့နယ် ပညာရေးမှုး ဒေါ်သင်းသင်းမြိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးမှုး ဒေါက်တာရွှေပြည်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကျောင်းများတွင် ထိုးနှံပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးမင်းခန့်သွင်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဒဂုံမြို့နယ်အတွင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၁၁)ဦး တက်ရောက်ကြပြီး အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ရက်တို့တွင် နံနက်၉နာရီမှ ညနေ၄နာရီအထိ စီမံ၊ ဘဏ္ဍာ၊ ပညာဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကြည်ဇေသော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)