MNP - အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာရှိ တောင်သူဦးစိုးလှိုင်၏ မိုးနေကြာ စံကွက်တစ်ဧက စိုက်ခင်းအား ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းပြီး တစ်ဧက စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက မိုးနေကြာအထွက်နှုန်း (၁၄.၅) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
“ထွက်ရှိလာတဲ့ မိုးဦးနေကြာမျိုးများကို မိုးနှောင်းစိုက်ပျိုးရန်နှင့် ဆောင်းစိုက်ပျိုးရန်အတွက် မြို့နယ်စီမအုပ်ချုပ်ရေးကောင်စီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ပူးပေါင်း၍ ဒေသခံတောင်သူတွေ မျိုးကောင်း မျိုးသန့်ရရှိပြီး တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုကပြောသည်။
သတင်း - မူမူစန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment