မအီမြို့တွင် ရခိုင်ပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ ဘီးလိမ့်ခွန်များ ကောက်ခံစည်းကြပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ရခိုင်ပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ ဘီးလိမ့်ခွန်များ ကောက်ခံစည်းကြပ်





MNP ၊ အောက်တိုဘာ  ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ၂၀၂၂- ၂၀၂၃ ခုနှစ်၊ ဘဏ္ဍာနှစ်အတွက် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေအရ ဘီးလိမ့်ခွန်များ ကောက်ခံခြင်းကို အောက်တိုဘာ ၁၆ ရက်နေ့မှ စတင်၍ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ကောက်ခံစည်းကြပ်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ကောက်ခံရာ၌ ၃ တန်နှင့် ၎င်း၏အထက် ကားကြီးများကို တစ်စီးလျှင် (၂၀၀၀၀)ကျပ်၊ ၂ တန်နှင့် ၎င်း၏အထက် ကားကြီးများကို တစ်စီးလျှင် (၁၅၀၀၀)ကျပ်၊ ၁ တန်နှင့် ၎င်း၏အထက် ကားများကို တစ်စီးလျှင် (၁၂၀၀၀)ကျပ်၊ ထော်လာဂျီနှင့် ဆိုင်ကယ်နောက်တွဲ တစ်စီးလျှင် (၅၀၀၀)ကျပ်၊ ဆိုင်ကယ်ဘေးတွဲ တစ်စီးလျှင် (၃၀၀၀)ကျပ်နှင့် မော်တော်ဆိုင်ကယ် တစ်စီးလျှင် (၃၀၀၀)ကျပ် စသည့် သတ်မှတ်နှုန်းထားများ ထားရှိ၍ ကောင်ခံခြင်းဖြစ်ကြောင်း၊ ဤသို ဘီးလိမ့်ခွန်များ ကောက်ခံဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာ(၁၅)ရက်နေ့က အများပြည်သူများ သိရှိလိုက်နာနိုင်စေရန် အဆိုပါနှုန်းထားများအား မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် အသိပေးကြေငြာထားရှိပြီး ဖြစ်ပါကြောင်း၊ အများပြည်သူတို့ အသုံးပြုလျက်ရှိသည့် ယာဉ်များမှာ ၂၀၂၂- ခုနှစ်၊ မတ်လ(၃၁)နေ့က ဘီးခွန်သက်တမ်း ကုန်ဆုံးပြီးဖြစ်၍ ဧပြီလ(၁)ရက်နေ့မှ စတင်၍ ၂၀၂၃-ခုနှစ်၊ မတ်လ (၃၁)ရက်နေ့အထိ ဘီးလိမ့်ခွန် ကောက်ခံရန် သတ်မှတ်ကာလအတွင်း စည်းကြပ်ကောက်ခံ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုလတွင်(၂၈)ရက်နေ့ နောက်ဆုံးထား၍ ကောက်ခံသွားမည်ဖြစ်ပါကြောင်းတို့ကို မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။


ဖော်ပြပါ ဘီးလိမ့်ခွန်များ ကောက်ခံရာသို့ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး ဦးညီညီလွင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်တို့က ရုံးအဖွဲ့ဝန်ထမ်းများနှင့်အတူ ကောက်ခံစည်းကြပ် လိုက်ပါဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ဘီးလိမ့်ခွန်ကောက်ခံခြင်းကို ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေ အခန်း(၇) ဥပဒေပုဒ်မ(၁၆) ပုဒ်မခွဲ(ဃ) အရ ကောက်ခံစည်းကြပ်ခြင်းဖြစ်ကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)