ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မြို့နယ်အဆင့် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မြို့နယ်အဆင့် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကျင်းပ



MNP - အောက်တိုဘာ  ၃၀          


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မြို့နယ်အဆင့်မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ကအင်္ဂလုံးကျေးရွာအုပ်စု၊ တောင်သူဦးမြင့်ဦး၊ ကွင်းအမှတ်(၃၈၁)၊ ဒေးပါလဘုရားကွင်းဦးပိုင်အမှတ်(၅၆/၁)၏ လယ်မြေ(၆.၃၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆင်းသုခ(R.S)မျိုးစပါးတစ်ဧကလျှင် စပါးအစိုထွက်နှုန်းတင်း(၁၁၉.၈၅)တင်းနှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။


အဆိုပါမိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသီဟန်ထွန်း၊ အဖွဲ့ဝင်(၂)ဦးရဲတင့်၊ မြို့နယ်စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကြည်စိန်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ဝင်းနိုင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ကျေးရွာအတွင်းရှိစိတ်ပါဝင်စားသူတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


သတင်း - ဆွေနွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)