ပဲခူးစက်မှုဇုန်တွင် အလုပ်သမားရေးရာ ဥပဒေများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးစက်မှုဇုန်တွင် အလုပ်သမားရေးရာ ဥပဒေများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ



MNP - အောက်တိုဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ညောင်အင်းစက်မှုဇုန်ရှိ CMP စက်ရုံဖြစ်သည့် Cobes Industries Bago Co.,Ltd. ခွဲစိတ်ခန်းတစ်ခါသုံးကျန်းမာရေးဝတ်စုံထုတ်လုပ်သည့် စက်ရုံရှိ အလုပ်သမားများအား အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအလိုက် စည်းကြပ်လျက်ရှိတဲ့ အလုပ်သမားရေးရာဥပဒေများကို သိရှိနားလည်စေရန်၊ ထိုသို့သိရှိခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံမှု ကောင်းမွန်၍ လုပ်ငန်းခွင် အေးချမ်းသာယာပြီး အငြင်းပွားမှုများ လျော့နည်းစေရန်၊ အလုပ်သမား ဥပဒေပါ အကျိုး ခံစားခွင့်များ သိရှိခံစားခွင့်များ သိရှိခံစားနိုင်စေရန်နှင့် အလုပ်ရှင်၊ အလုပ်သမားတို့ လိုက်နာရမည့် တာဝန်ဝတ္တရားများကို ကောင်းစွာ သိရှိနားလည်စေရန် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ စက်ရုံ၌ ကျင်းပသည်။ 


ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်တင်က အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ဆိုင်ရာ နစ်နာမှုများ၊ အငြင်းပွားမှုများရှိလာပါက စက်ရုံတွင်းရှိ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC)တွင် ဆွေးနွေးညှိနှိုင်းမှုအားကောင်းလာမည်ဆိုပါက အလုပ်ရှင်၊ အလုပ်သမား ကြားဆက်ဆံရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ (WCC)တွင် ညှိနှိုင်းခြင်းဖြင့် ပြေလည်မှုရရှိပါက အလုပ်ရှင်၊ အလုပ်သမား အေးချမ်းသာယာသော လုပ်ငန်းခွင် တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်အေးချမ်းသာယာမှသာ ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်စေရန် အလုပ်သမားများ အနေဖြင့်လည်း သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်မှုရှိရန် လိုအပ်ပြီး အလုပ်ရှင်အနေဖြင့်လည်း မိမိ၏ အလုပ်သမားများအား အခြေခံရပိုင်ခွင့်ဖြစ်သော ဥဒေပါ ခံစားခွင့်များ အပြည့်အဝပေးရန် လိုအပ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမား ဥပဒေပါလိုက်နာကျင့်သုံးရမည့် အချက်များကို ကောင်းစွာသိရှိနားလည်စေရန် ယခုလို တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြား ရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့မှ ဦးစီးမှူးများက အလုပ်သမားဥပဒေပါ အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အလုပ်သမားများက သိလိုသည်များကို ပြန်လည် မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ခံအရာရှိများက ပြန်လည်ဖြေကြားခဲ့သည်။


အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဆိုပါ စက်ရုံရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC) အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင် အေးချမ်းသာယာရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝဏ္ဏမောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)