ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘီလူးချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘီလူးချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ်




MNP - အောက်တိုဘာ  ၃၁


ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနီး ဘီလူးချောင်း သဘာဝရေပြင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ငါးမွေးတောင်သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေမှဦးဆောင်ပြီး တာဝန်ရှိသူများက ဘီလူးချောင်း သဘာဝရေပြင်၌ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကောင်ရေ (၁၉၀၀၀၀)အား ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြပြီး သတ္တပလူနှင့် မှုံပြာကျေးရွာအခြေပြု ငါးမွေးတောင်သူ (၁၀) ဦးထံသို့ ၂ လက်မအရွယ်ရှိ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကောင်ရေ (၁၀၀၀၀၀)အား ပေးအပ်ခဲ့ကြသည်။


ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ရေသတ္တဝါမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစေရေးနှင့် ငါးသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းလုပ်ငန်းကို မျိုးကောင်းမျိုးသန့်ငါးမျိုးများ ရေရှည်တည်တံ့စေရန်၊ ဒေသ၊ ရာသီဥတု၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီဖြစ်ထွန်းသည့် ငါးမျိုးများဖြန့်ဖြူးရန်၊ သဘာဝမြစ်ချောင်းများနှင့် ဆည်တာတမံများတွင် သား၊ ငါးပေါများစေပြီး ငါးထွက်နှုန်း တိုးတက်စေရန်နှင့် ဒေသတွင်းငါးစားသုံးမှုဖူလုံစေပြီး အာဟာရဓါတ်ပြည့်ဝစေရန် ရည်ရွယ်၍ နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)