MNP - အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူးမှ အနီးကပ်ကြီးကြပ်ပြီး အမှတ်(၂)ရပ်ကွက် နေကြာသာယာကုန်းလမ်းတွင် WA(၂)ဦး၊ ပတ်သန့်လုပ်သား(၁၃)ဦး စုစုပေါင်း(၁၅)ဦးဖြင့် အမြင်မတင့်တယ်သော အမှိုက်များရှင်းလင်းခြင်း၊ အမှတ်(၂)ရပ်ကွက်၊ ၅၃ လမ်းတွင် ရေစီးရေလာမှလုပ်သား(၈)ဦး၊ ပတ်သန့်မှလုပ်သား ၄)ဦး၊ စုစုပေါင်း(၁၂)ဦးဖြင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းပိတ်ဆို့နေမှုအား ဆယ်ယူရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ထွက်ရှိလာသော အမှိုက်နှင့်မြောင်းချေးများကို မော်တော်ယာဉ်ဖြင့် စနစ်တကျသယ်ယူစွန့်ပစ်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လမ်းမကြီးများရှိ သန့်ရှင်းသာယာလှပစေရေးအတွက် နေ့စဉ်ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထံမှ သတင်းရရှိသည်။
သတင်း - ဟန်စုယဉ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment