အကျဉ်းထောင်ဝင်ပေါက် ပါဆယ်လက်ခံဌာန ပေါက်ကွဲမှုတွင် အကျဉ်းဦးစီးဝန်ထမ်းသုံးဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကျဉ်းထောင်ဝင်ပေါက် ပါဆယ်လက်ခံဌာန ပေါက်ကွဲမှုတွင် အကျဉ်းဦးစီးဝန်ထမ်းသုံးဦး သေဆုံး


MNP ၊ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ အင်းစိန်ဗဟိုအကျဉ်းထောင်ဂိတ်တွင် ယနေ့နံနက် ၉း၄၀ နာရီ က အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အကျဉ်းဦးစီးဌာနဝန်ထမ်း ၃ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရကြောင်းသိရသည်။


ပေါက်ကွဲမှုမှာ အကျဉ်းထောင်ဝင်ထွက်ပေါက် ပါဆယ်လက်ခံသည့်အဆောက်အဦးအတွင်း၌ တစ်ကြိမ်၊ အဆောက်အဦးအပြင်၌တစ်ကြိမ်ဖြစ်ပြီးပေါက်ကွဲမှုကြောင့် အကျဉ်းထောင်မှ တပ်သားကျော်ဇင်ဦး၊ တပ်သားခင်မိုးဝေနှင့် တပ်သားပိုးအိဇံတို့ သေဆုံးပြီး ၇ ဦးမှာ ဗုံးစထိမှန်ဒဏ်ရာများရကြောင်း၊ ပေါက်ကွဲသည့်နေရာတွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)