ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး နေကြာစိုက်ပျိုးမည့် တောင်သူများအား ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲ တက်ရောက်အားပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး နေကြာစိုက်ပျိုးမည့် တောင်သူများအား ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲ တက်ရောက်အားပေး

34


MNP - အောက်တိုဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အတူ ခရိုင်လမ်းဦးစီးမှူး၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာနအငယ်တန်းအင်ဂျင်နီယာ၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးဖြိုးသူမောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးဇော်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သဖန်းချိုကျေးရွာအုပ်စု လေးကြီးကျေးရွာ တောင်သူဦးတင်လှ၏ ဝါမျိုးစေ့ထုတ်စံပြစိုက်ခင်း(၅)ဧက အောင်မြင်ဖြစ်ထွန်းမှုအခြေအနေ၊ ဝက်တိုးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် နေကြာဆီထွက်သီးနှံစိုက်ပျိုးမည့်တောင်သူများအား မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် တောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားခြင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မြို့နယ်စည်ပင်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် အမှတ်(၁)ရပ်ကွက် ဗိုလ်တက်ထွန်းလမ်း(၁၁၄၀'×၁၀'×၆")ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြို့နယ်စည်ပင်သာယာရေး ရုံးဟောင်းခြံစည်းရိုးအုတ်တံတိုင်း(၇'ခွဲ×၃၅ခန်း) ကာရံခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ဆောင်ရွက်နေဆဲနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားတင်ပြရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages