တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များ ပြည်သူများသိရှိနိုင်ရေး ရက်တိုးမြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များ ပြည်သူများသိရှိနိုင်ရေး ရက်တိုးမြှင့်ဆောင်ရွက်




MNP - အောက်တိုဘာ  ၂၇


တံတားဦးခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုး ဦးဆောင်ပြီး ဝန်ထမ်းများက ယနေ့နက်ပိုင်းက မြို့မဈေး၌ လမ်းသွားလမ်းလာများနှင့် ဈေးရောင်းဈေးဝယ်များအား နိုင်ငံရေးစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေသာရင်းပုံစံ ၆၆/၆ (အထစ)နှင့်ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ သွားရောက်နိုင်ပါကြောင်း မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား ရက်တိုးမြှင့်ထပ်မံကြေညာကြောင်း သိရသည်။


အဆိုပါအသိပညာပေးထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ၆၆/၆(အထစ)နှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများကွဲလွဲခြင်း ၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးတင်စိုးထံမှ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။


လူတစ်ဦးသည် ကိုင်ဆောင်ကတ်ပြားအမှတ်တစ်ခုသာရှိရမည်ဖြစ်ရာ နိုင်ငံသားစိစစ်ရေးကတ်(၁)ခုထက်ပို၍ ကိုင်ဆောင်ထားပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ အမြန်သွားရောက်အပ်နှံရမည်ဖြစ်ကြောင်း နိုဝင်ဘာ(၁)ရက်နေ့အထိ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာအတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်သွားမည်ဖြစ်ကြောင်း၊ အလားတူ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆(အထစ) (၁)ခုထက်ပို၍ ကိုင်ဆောင်ထားသူများအနေဖြင့်လည်း သက်ဆိုင်ရာလဝကရုံးသို့ အမြန်သွားရောက်သတင်းပို့ ဖြေရှင်းဆောင်ရွက်ရေးနှင့် နောက်ဆုံးထုတ်ယူထားသောလိပ်စာ ပုံစံ-၆၆/၆ကိုသာ အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် မြို့နယ်လဝကရုံးမှဝန်ထမ်းများက အသိပေးကြေညာခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့အထိ ရက်ထပ်မံတိုးမြှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူစည်ကားသည့်နေ့ရာများတွင် အသိပညာပေးလုပ်ငန်းများကိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ Hand Speaker ဖြင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိရေး လှည့်လည်ကြေညာခဲ့ကြောင်းနှင့် မြို့နယ်လဝကရုံးတွင် အများပြည်သူများ လွယ်တကူသိရှိနိုင်ရေးအတွက်လည်း ပြသထားကြောင်းသိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)