ရွှေတောင် မြို့နယ် တွင်မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ( ၉)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် တွင်မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ( ၉)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်





MNP ၊ အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊ကျီးသဲကျေးရွာအုပ်စုတွင် အောက်တိုဘာ ၁၀ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းပြီးရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ( ၉)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအားထောက်ပံ့ငွေပေးအပ်ခြင်းကိုယမန်နေ့နေ့လယ်ပိုင်းကထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် (၉) လုံးရှိ လူဦးရေ ( ၃၉) ဦး အတွက် ဆန်ရိက္ခာဖိုး ( ၂၁၀၀)နှုန်းဖြင့် ( ၈၁၉၀၀) ကျပ် ၊အမိုးလန်အိမ် ( ၈) လုံးအတွက် ( ၅၀၀၀၀) နှုန်းဖြင့် ( ၄၀၀၀၀၀) ကျပ်၊ လူနေအိမ်( ၁ ) လုံးအတွက် ( ၃၀၀၀၀)ကျပ်  စုစုပေါင်း( ၅၁၁၉၀၀)ကျပ်ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှာဒုတိယညွှန်ကြားရေးမှူး ဒေါ် တင်တင်ချိုနှင့် တာဝန်ရှိသူများမှထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)