ဒေးဒရဲမြို့နယ်ရှိ ဘုရားကြီးကွက်သစ်(၄)လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်ရှိ ဘုရားကြီးကွက်သစ်(၄)လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်



MNP - အောက်တိုဘာ   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့တွင်းလမ်းမများနှင့် ရပ်ကွက်လမ်းများတွင် ပြည်သူများနှင့် ယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အဆင့် မြှင့်တင်ဆောင်ရွက်ခြင်း၊ ကွန်ကရစ်လမ်းများ ခင်းကျင်း ဆောင်ရွက်ပေးခြင်းနှင့် ရေစီးရေလာကောင်းမွန် စေရေး Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၃)ရပ်ကွက်၊ ဘုရားကြီး ကွက်သစ်(၄)လမ်းအားကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါလမ်းကို ၂၀၂၂- ၂၀၂၃ ငွေလုံးငွေရင်းဖြင့် အလျား(၄၅၀)ပေ၊ အကျယ် (၁၂)ပေနှင့် ထု(၆) လက်မရှိ ကွန်ကရစ်လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကုန်ကျငွေ (၁၂၅၇၀၀၀၀) သိန်းဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့မှ စတင်ခင်းကျင်းခဲ့ပြီး အောက်တိုဘာလ (၆) ရက်နေ့တွင် ပြီးစီးခဲ့ရာ လမ်းပခုံးများ ပြန်လည်ပြင်ဆင်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက အပြီးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး က သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)