ကျောက်ဖြူမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကျောက်ဖြူမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

037-01

038

041

042


MNP ၊  အောက်တိုဘာ  ၁၅

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းခြံဝင်း အတွင်း/အပြင်နေရာ တို့တွင် ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊  ကျောင်း ခြံဝန်းအတွင်းရှိ အမှိုက်များကို သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ရရှိလာသည့်အမှိုက်များကို အမှိုက်အိတ် များထဲသို့ထည့်ကာ သတ်မှတ်နေရာများသို့ပို့ဆောင်ပေးခြင်းစသည့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။   


ယင်းသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ နယ်မြေခံ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူအင်အား ၃၀၀ ကျော်တို့မှ  စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထိုသို့ စုပေါင်း သန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages