မိုင်းပန်မြို့နယ် လွိုင်နွဲ့ကျောင်းတိုက်၌ ဝါကျွတ်ပွဲတော်ကျင်းပရာ လူများစည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ် လွိုင်နွဲ့ကျောင်းတိုက်၌ ဝါကျွတ်ပွဲတော်ကျင်းပရာ လူများစည်ကားလျက်ရှိ

 


MNP - အောက်တိုဘာ  ၂၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အစဉ်အလာအရ နှစ်စဉ်နှစ် တိုင်း  ရပ်ကွက်အလိုက်၊ ရွာအလိုက် ကျင်းပမြဲဖြစ်သော ဝါကျွတ်ပွဲကို ယမန်နေ့ညနေ ၆ နာရီ အချိန်က လွိုင်နွဲ့ကျေးရွာရှိ လွိုင်နွဲ့ကျောင်းတိုက်၌ကျင်းပရာ ပွဲလာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ဝါကျွတ်ပွဲတော်သို့ လာရောက်ကြသူများသည် ဘုန်းတော်ကြီးကျောင်း၌ ဆီမီးတစ်ထောင်ပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီးမီးများကပ်လှူပူဇော်ခြင်းနှင့် ကျောင်းထိုင် ဆရာတော်ထံမှ နမောသဿ သုံးကြိမ်ရွတ်ဆိုကာ ငါးပါးသီလခံယူပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြကာ ငွေပဒေသာပင်များဖြင့် လှည့်လည်ပူဇော်ခြင်း၊  ဆီမီးပဒေသာလှည့်ခြင်း၊ ရိုးရာထင်းရှူးတိုင်ကို မီးထွန်းခြင်းနှင့် ရှမ်းရိုးရာ အိုးစည်၊ ဗုံ၊ မောင်းများတီးခတ်ပြီး တိုးနယားအက၊ ကိန္နရာအကများဖြင့် ဖျော်ဖြေကပြရာ ပွဲလာရောက် ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဝါကျွတ်ပွဲတော်သည် ဝါထွက်ကာလတွင်ကျင်းပပြုလုပ်လေ့ရှိပြီး မိုင်းပန်မြို့နယ်၏ ရိုးရာ ဓလေ့တစ်ခုဖြစ်ကာ နှစ်စဉ်နှစ်တိုင်း မြို့ပေါ်ရပ်ကွက်နှင့်ကျေး ရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကျင်းပလေ့ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)