မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

 



MNP - အောက်တိုဘာ   ၇


မွန်ပြည်နယ်အတွင်း စည်းကမ်းရှိပြီး စနစ်ကျသည့် လူမှုပတ်ဝန်းကျင် ဖော်ဆောင်၍ အဓိကကျသည့်အုပ်ချုပ်ရေး၊  စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့၊ နေ့လည်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရက်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သလို ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးရေးသည်လည်း များစွာအရေးပါကြောင်း၊ ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟခြင်းကို လျော့ချနိုင်ရန်အတွက် မြို့နယ်များအလိုက် ကျေးရွာများအား ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နှစ်စဉ်စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ပိုမိုတိုးတက်လာစေရေး၊ ပြည်သူများစားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး အထူးအလေးပေးဆောင်ရွက်ပေးကြရန်နှင့် မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့ကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများကို တိုက်ရိုက်အကျိုးပြုသည့် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရေး ဆောင်ရွက်ပေးကြရန်လိုအပ်သလို အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး လုပ်ငန်းအပြင် ပြည်သူကိုဗဟိုပြုသော လုံခြုံရေးစနစ်ကို ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်း သိရှိနားလည်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြစေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လုံခြုံရေးအစီအမံများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသတွင်း လူမှုစီးပွားဆိုင်ရာ ကိစ္စရပ်များ၊ မြို့ရွာသန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အိမ်ထောင်စု၊ လူဦးရေစာရင်းများ၊ စိုက်ပျိုးဧကများ မှန်ကန်မှုရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှု၊  ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပြီးစီးမှုအခြေအနေများအား ဆွေးနွေးတင်ပြပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးများမှ ရပ်ရွာဖွံ့ဖြိုးတိုးတက်စေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)