MNP ၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ ပြည်သူ့ဆေးရုံ ဟောင်းတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ကုတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအားပထမအကြိမ် ကာကွယ် ဆေးထိုးပေးခြင်း ၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူများ နှင့် သုံးကြိမ်ထိုးပြီး သတ်မှတ်ကာလပြည့်သူများအား ထပ်ဆောင်း ကာကွယ် ဆေးထိုးပေးခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ကော်မတီဝင်များ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ၊ လူမှုမရေးအသင်းအဖွဲ့ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာထိုးနှံနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေး ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment