ပေါင်မြို့နယ်၌ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ






MNP ၊ အောက်တိုဘာ ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌  ၂၀၂၂ ခုနှစ်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က အထကပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပေါင်မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက ဆရာများကို ယခုလိုဆုံတွေ့ရလို့ရင်ထဲမှာအတိုင်းမသိ ဝမ်းသာပိတိဖြစ်ရပါ‌ကြောင်း၊နောင်နှစ်တွေမှာလည်း ဆုံတွေ့ခွင်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းနှုတ်ခွန်းဆက် စကား‌ပြောကြားခဲ့သည်။


ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့သည်။


ဆက်လက်၍ပူဇော်ခံ ဆရာကြီး၊ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်ပေးခြင်း၊ ဆရာကြီး၊ ဆရာမကြီးများကလည်း ဩဝါဒ စကားများမြွက်ကြားခြင်းများပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပေါင်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ အင်အား (၆၀၀) ဦးမှဂါရပြုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)