ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်




MNP - အောက်တိုဘာ   ၁၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စုတွင် အောက်တိုဘာ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်(၉)လုံးရှိ လူဦးရေ (၃၉)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၁၀၀)နှုန်းဖြင့် (၈၁၉၀၀)ကျပ်၊ အမိုးလန်အိမ် (၈)လုံးအတွက် (၅၀၀၀၀)နှုန်းဖြင့် (၄၀၀၀၀၀)ကျပ်၊ လူနေအိမ်(၁)လုံးအတွက် (၃၀၀၀၀)ကျပ်  စုစုပေါင်း(၅၁၁၉၀၀)ကျပ်ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)