နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 



MNP - အောက်တိုဘာ   ၁


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အစည်းအဝေး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်/ကျေးနှင့် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စများကို တစ်ချိန်တည်း ဆွေးနွေးညှိနှိုင်းနိုင်စေရန် အစည်းအဝေးကို   ပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲလင်းဦးက နယ်မြေဒေသ လုံခြုံအေးချမ်းမှု ရှိစေရန်အတွက် အသိတရားရှိစွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ  ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်ရွာအလိုက် ဆောင်ရွက်နေမှုများကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)