MNP - အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးဂရုစိုက် ဆောင်ရွက်ရန်၊ အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)၊ မြေပြင်လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်း အပြီးဆောင်ရွက်ရန်၊ လုံခြုံရေးနှင့် သတင်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်မှာကြားချက် ဆောင်ရွက်ပြီးစီးမှုတင်ပြရန်၊ နေကြာ စိုက်ပျိုးရေးကွင်းဆင်းအဖွဲ့ တာဝန်ပေးထားမှုအပေါ် ကွင်းဆင်းဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းရာတွင် လိုက်ပါ၍ မိမိတို့ဌာနနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန်၊ ပညာရေးမှ အတွင်းဖြေ/ အပြင်ဖြေများအား ညကျောင်း၊ စနေ၊ တနင်္ဂနွေသင်ကြားမည်ကို ကျောင်းသား၊ ကျောင်းသူများ သိရှိ တက်ရောက်ရေး ကြေညာဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးအရေးယူရာတွင် ပူးပေါင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment