မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်





MNP ၊ အောက်တိုဘာ ၂၈

မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့်  အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသား အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြိုင်ပွဲဝင် ဘောလုံးအသင်းများမှ အားကစားကွင်းအတွင်းသို့ နေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပခြင်း၊ အားကစား သင်တန်းများဖွင့်လှစ်ပေးခြင်း၊ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဘောလုံးအားကစားနည်းသည် လူအများကြိုက်နှစ်သက်သည်နှင့်အညီ ပြိုင်ပွဲများ ကျင်းပပြုပေးခြင်းဖြင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာပြီး  မျိုးဆက်သစ် လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊ ကလပ်အသင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကို အားကစားသမား အရည်အချင်းနှင့် နေရာဒေသကန့်သတ်ချက်မရှိ ပါဝင်ယှဉ်ပြိုင် ခွင့်ပြုထားသည့်အတွက် ဘောလုံးပြိုင်ပွဲများအနက် အဆင့်မြင့်သည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေနဲ့ ကောင်းမွန်တဲ့ ယှဉ်ပြိုင်ခြင်း၊ သန့်ရှင်းစွာကစားခြင်း၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီကြခြင်းဖြင့် ဘောလုံး အားကစားရဲ့ အနှစ်သာရကို ပေါ်လွင်အောင် ယှဉ်ပြိုင်ကစားကြရန်နှင့် နိုင်ငံတော်မှ အားထားရတဲ့ဘောလုံး အားကစား သမားကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားကာ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။  ထို့နောက်ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဌာန်ရွက်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြကာ အဖွင့်ပွဲစဉ်အဖြစ် New Future ဘောလုံးကလပ် အသင်းနှင့် လာဘ်ကောင်းထက် ဘောလုံးကလပ်အသင်းတို့ ယဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ ၂၀၂၂ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံ ဖိတ်ခေါ် အမျိုးသားဘောလုံး ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း(၁၃) သင်းဖြင့်အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ (၁၈)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)