တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်




MNP - အောက်တိုဘာ   ၇


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အမှတ်(၁၄)ရပ်ကွက်ရှိ Korace Limited အထည်ချုပ်စက်ရုံနှင့် PPW & GGI သစ်အချောထည်စက်ရုံများသို့ ယမန်နေ့နံနက်(၁ဝး၃၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အမှတ်(၁၄)ရပ်ကွက်ရှိ Korace Limit အထည်ချုပ် စက်ရုံနှင့် PPW & GGI သစ်အချောထည်စက်ရုံများသို့ အလုပ်တာဝန်ထမ်းဆောင်နေကြသော အလုပ်သမား၊ ဝန်ထမ်းများနှင့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ထားရှိရမည့် စည်းကမ်းချက်များကို သင်္ဃန်းကျွန်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ (လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေး) တာဝန်ခံဆရာဝန်၊ သင်္ဃန်းကျွန်းခရိုင် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ လူမှုဖူလုံရေးအဖွဲ့မှ ဒုတိယဦးစီးမှူးတို့ပါဝင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ပြီး စက်ရုံ၊ အလုပ်ရုံများတွင် ခြေနင်းလက်ဆေးဘေစင်များ၊ ခြေနင်းအမှိုက်ပုံးများတိုးမြှင့်ထားရှိရေး၊ အရေးပေါ်ဖုန်းနံပါတ်များကို အများမြင်သာသည့်နေရာ၌ ကြော်ငြာထားရှိရန်စသည်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ချက်၊ လိုအပ်ချက်များအား ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စိုးဝဏ္ဏထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)