လှည်းကူးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 


MNP - အောက်တိုဘာ  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပညာရေးမှူးရုံးက ကျင်းပသည့် အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယ‌မန်နေ့ နံနက်(၁၀)နာရီက လှည်းကူးမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သိန်းရွှေက မိမိအနေဖြင့် အခြေခံပညာ ဦးစီးဌာန(ရုံးချုပ်)မှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပညာရပ်များကို မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား မြို့နယ်အဆင့် (ဆင့်ပွား) ပေးခြင်းဖြစ်ကြောင်း၊ ပညာရေးဌာနသည် အရေးကြီးသောဌာန တစ်ခုဖြစ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ စီမံခန့်ခွဲမှုသည် အဓိကကျ‌ကြောင်းနှင့် ခေါင်းဆောင်ကောင်း အရည်အချင်းပြည့်ဝရန် အရည်အချင်းစိတ်နေသဘောထား အပေါ်တန်ဖိုးများ ကို လက်တွေဆောင်ရွက်ရန် လိုအပ်သော အချက်အလက်များအား ရှင်းလင်းဆွေးသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာ ၁၈၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ၂၁ ကျောင်း၊ ကိုယ်ပိုင် ၆ ကျောင်း စုစုပေါင်း ၂၁၄ ကျောင်းက ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၂၁၄ ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းနည်းပြများအဖြစ် မြို့နယ်ပညာရေးမှူး ဒေါ်သိန်းရွှေ၊ ဒုတိယမြို့နယ် ပညာရေးမှူး ၂ ဦးနှင့် လက်ရွေးစင်ကျောင်းအုပ်ကြီး ၄ ဦးတို့က စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး၊ ပညာရေးနှင့် သက်ဆိုင်ရာကဏ္ဍများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)