မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာတွင် ဗုဒ္ဓရုပ်ပွားတော်မြတ်အား လှည့်လည်အပူဇော်ခံခြင်းနှင့် မီးထွန်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာတွင် ဗုဒ္ဓရုပ်ပွားတော်မြတ်အား လှည့်လည်အပူဇော်ခံခြင်းနှင့် မီးထွန်းပွဲပြုလုပ်

 



MNP - အောက်တိုဘာ   ၁၀


၁၃၈၄ခု၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ကိုး‌တောင်ပြည့်ဘုရား၌ ကျေးရွာနေပြည်သူများ၊ အလှူရှင်များစုပေါင်း၍ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဒေသစာရီလှည့်လည်အပူဇော်ခံခြင်း၊ မီးထွန်းပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို ယမန်နေ့က ပြုလုပ်ခဲ့သည်။


ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဒေသစာရီ လှည့်လည်အပူဇော်ခံရာတွင် ဂေါပကအဖွဲ့ဝင်များ၊ ပရိတ်အသင်းများ၊ ကျေးရွာနေပြည်သူများလိုက်ပါလျက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ လှည့်လည်အပူဇော်ခံခဲ့သည်။


ထို့နောက် ညနေပိုင်းအချိန်တွင် ဘုရားဖူးလာရောက်သူများ၊ ဆီမီးပူဇော်ရန် လာရောက် သူများအား မုန်းဟင်းခါးအဟာရဒါနကျွေးမွေးလှူဒါန်းပြီး ညပိုင်းတွင် ဘုရားပရဝုဏ်အတွင်းနှင့်‌ ကျေးရွာအတွင်းတို့၌ အလှဆင်မီးပုံးများ ထွန်းညှိပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်းဖြင့် ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)