စလင်းမြို့နယ် ဒါးဆွယ်ကန်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် ဒါးဆွယ်ကန်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

 


MNP - အောက်တိုဘာ ၂၇


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဒါးဆွယ်ကန်ကျေးရွာ သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပြည်သူများ၏ထည့်ဝင်ငွေများဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


စလင်းမြို့နယ် ဒါးဆွယ်ကန်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းကို ဒါးဆွယ်ကန်ကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးပဏ္ဏိတ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစီုးခိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးခိုင်တို့မှ ကွန်ကရစ်လမ်းပြုလုပ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်သည်တို့ကို ဆွေးနွေးတင်ပြခဲ့သည်။


ဒါးဆွယ်ကန်ကျေးရွာ ကွန်ကရစ်လမ်းအား မကွေးတိုင်ဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) စီမံကိန်းဖြင့် ငွေကျပ် (၁၀၀) သိန်းဖြင့် ကွန်ကရစ်လမ်းအရှည် ၆၀၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့်ထု ၆ လက္မတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး ဒါးဆွယ်ကန်ကျေးရွာ ပြည်သူထည်ဝင်ငွေကျပ် (၈၂) သိန်းကျော်ဖြင့် စုပေါင်ဆောင်ရွက်ခဲ့ကာ အိမ်ထောင်စု (၅၀) စု လူဦးရေ (၁၀၈) ဦး တို့နေထိုင်သည့် ဒါးဆွယ်ကန်ကျေးရွာ ပြည်သူ ထည့်ဝင်ငွေ (၈၂)သိန်းကျော် ထည့်ဝင်လှူဒါန်း၍ စုစုပေါင်း လမ်းအရှည် (၁၈၀၀) ပေ ဖြင့် ကုန်ကျငွေ (၁၈၂) သိန်းကျော် ကုန်ကျခဲ့ပြီး စက်တင်ဘာ ၆ ရက်နေ့မှစတင်ကာ ၂၄ ရက်ကြာ  ဆောင်ရွက်ခဲ့၍ ပြီးစီးအောင်မြင်ကာဖြင့် မြေနီကျောက်စရစ်လမ်းမှ ကွန်ကရစ်လမ်းမအဖြစ် ဖွင့်လှစ်ဆောင်ရွက်ပြီးစီးကာ အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)