ဝမ်းတွင်းမြို့နယ် အင်ကုန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ် အင်ကုန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး



MNP - အောက်တိုဘာ   ၁၆


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် မြောက်ဆည်ကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၁၁ သန်းကျော်ဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေအဆင်ပြေစေရေး ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၁၁.၁၁သန်းဖြင့် အကျယ် ၂ လက်မ၊ အနက်ပေ ၂၅၀ စက်ရေတွင်း (Test well ) တူးဖော်ခြင်း၊ အကျယ် ၄ လက်မ၊ အနက် ပေ ၂၅၀ စက်ရေတွင်း ( Production well )တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊  အလျား ၅ ပေ အနံ ၅ ပေ အမြင့် ၇ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ စက်တပ်ဆင်ခြင်းနှင့် မီတာတပ်ဆင်ခြင်းလုပ်ငန်များကို သြဂုတ်လ ၂၀ ရက်နေ့မှ စတင်၍ ဌာနမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိရာ ၎င်းကျေးလက်ရေရှိရေးလုပ်ငန်းများမှာ ယခုဆိုလျှင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ စက်ရေတွင်းတူးဖော်ခြင်း၊ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံ တည်ဆောက်ခြင်း၊ စက်တပ်ဆင်ခြင်းနှင့် မီတာတပ်ဆင်ခြင်းလုပ်ငန်များ ပြီးစီးပြီဖြစ်၍ အင်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများမှာ သောက်သုံးရေအတွက် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)