MNP - အောက်တိုဘာ ၃
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆရာတော်သံဃာတော်များအား ဌာနဆိုင်များစုပေါင်း၍ ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူပွဲကို ယမန်နေ့နံနက်(၅)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ လမ်းမတော်လမ်း၌ လောင်းလှူကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းလောင်းလှူပွဲသို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် ဝန်ထမ်းများ၊ တံတားဦမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် များက ဆရာတော်သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူပေးကြသည်။
တံတားဦးမြို့နယ်အနေဖြင့် ဆရာတော်သံဃာတော်များအား လစဉ်လဆန်း(၉)ရက်နေ့နှင့် လပြည့်ကျော်(၉)ရက်နေ့တို့တွင် ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူမည်ဖြစ်ကြောင်းနှင့် ဆရာတော် သံဃာတော်များက ဆွမ်းနှင့်ဆွမ်းဟင်းများ အလှူခံနေစဉ်အတွင်း ပြည်သူများ ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးစေရန် မေတ္တာဘာဝနာများ ပွားများပေးကြကြောင်းလည်း သိရသည်။
သတင်း - ရဲတင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment