ဂွမြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများအား မြို့ပေါ်ရပ်ကွက်များတွင် ဆက်လက် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများအား မြို့ပေါ်ရပ်ကွက်များတွင် ဆက်လက် ဆောင်ရွက်လျက်ရှိ





MNP ၊ အောက်တိုဘာ ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် ဆက်လက် ဆောင်ရွက်ပေးလျက် ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် အခြေခံလူဦးရေစာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ မှ မဲစာရင်းများ မှန်ကန်စေရေးအတွက်  တင်းတောကျေးရွာအုပ်စု၊ ရဟိုင်ဖျားကျေးရွာအုပ်စု စသည့်အုပ်စု (၂)ခုနှင့် မြို့ပေါ်ရပ်ကွက် (၃)ခုတို့တွင် နေ့ရက်များသတ်မှတ်၍ လျာထားဆောင်ရွက်ခဲ့ရာ တင်းတောကျေးရွာအုပ်စု၊ ရဟိုင်ဖျားကျေးရွာအုပ်စု (၂)စု ပြီးမြောက်ပြီးဖြစ်ကာ အောက်တိုဘာလ(၃)ရက်နေ့မှ (၇)ရက်နေ့အထိ ကင်းရုံးရပ်ကွက် အတွင်း၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ဂွမြို့နယ်အနေဖြင့် ရှေ့ပြေးစီမံချက်အရ ပြုစုပြီး လူဦးရေစာရင်းတွင် ၈၂၅၇၂ဦးရှိကြောင်း၊ စိစစ်မှုအနေဖြင့် ၇.၉၇%ရှိကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်မပြုလုပ်ရသေးသူ အသက်၁၈နှစ်အထက် ၃၀၉၀ဦးနှင့် အသက်(၁၈)နှစ်အောက်၅၉၀၆ဦးရှိနေသေးသည့်အတွက် ပန်းခင်းစီမံချက်(၂)အနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)