MNP ၊ အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ ၊ နယ်မြေခံတပ်နယ်မှအရာရှိနှင့်စစ်သည်၊လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်တွင် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ ဝန်းကျင်သန့်ရှင်း သာယာ လှပရေး အတွက် စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊တောင်ကုတ်တပ်နယ်မှ အရာရှိ နှင့်စစ်သည်များ၊ လူမှု ရေးအသင်းအဖွဲ့ဝင်များက စုပေါင်း၍ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ ဝန်းကျင် သန့်ရှင်းရေးအတွက် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်း များကိုစုပေါင်း ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင် များ၊တောင်ကုတ်တပ်နယ်မှဒုတိဗိုလ်မှူးကြီးအောင်ဇော်လင်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment