ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၆)ရပ်ကွက်တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများ အိမ်ထောင်စု (၂၅၀)အားလှူဒါန်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၆)ရပ်ကွက်တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများ အိမ်ထောင်စု (၂၅၀)အားလှူဒါန်းပေး



MNP - အောက်တိုဘာ   ၁၀


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်းပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရပ်ကွက်နေပြည်သူများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် (၃၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်  ယမန်နေ့နံနက်(၈)နာရီတွင် ဒုတိယအကြိမ် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 


အဆိုပါရောင်းချပေးမှုတွင် ယနေ့သည် သီတင်းကွျှတ်လပြည့်နေ့ အခါသမယဖြစ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အထောက်အကူပြုအဖွဲ့ဝင်များမှ မိမိတို့တတ်စွမ်းသ၍ အလှူဒါနအဖြစ် စားသောက်ကုန်များ လာရောက်ဝယ်ယူသူ ရပ်ကွက်နေပြည်သူများအား အိမ်ထောင်စုတစ်စုလျှင်  ဆန်တစ်ပြည်၊ ဆီငါးဆယ်သား၊ ကြက်ဥ(၅)လုံးဖြင့် အိမ်ထောင်စု (၂၅၀) အားလှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)