မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ ပြန်လည်စတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ ပြန်လည်စတင်






MNP ၊ အောက်တိုဘာ ၁၈

မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၂၀၀ ကျော်ရှိပြီး ခရီးသွားလုပ်ငန်းများကို ၂၀၁၄ ခုနှစ်၌ စတင်အကောင်အထည်ဖော်ဆောင်ခဲ့ရာ မြိတ်ကျွန်းစုသို့ ရက်ရှည်ရုံးပိတ်ရက်များ၌ တစ်ရက်လျှင် ခရီးသွားဦးရေ ၂၀၀ မှ ၃၀၀ အထိရှိပြီး ခရီးသွားများ အဆင်ပြေစွာသွားလာနိုင်စေရန် Speed-boat နှင့် အမြန်ရေယာဉ်များ ပြေးဆွဲပေးလျက်ရှိပြီး ဧည့်လမ်းညွှန်များကလည်း ခရီးသွားများ အန္တရာယ်ကင်းရှင်းစေရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် ဒေသခံများ ပူးပေါင်း၍ ထိန်းသိမ်းဖော်ဆောင်လျက်ရှိကြောင်း သိရသည်။


မြိတ်ကျွန်းစုသည် နိုင်ငံခြားခရီးသွားဧည့်သည်များနှင့် ဒေသတွင်းခရီးသွားများကို ဆွဲဆောင်လျက်ရှိပြီး မြိတ်ကျွန်းစုပင်လယ်ပြင်ခရီးစဉ်များတွင် ထင်ရှားပြီး လူသိအများဆုံးနေရာများမှာ ကျွန်းဘုရင် (ခေါ်) လေးကျွန်းနှင့် စမတ်ကျွန်း (ခေါ်) ပါပန့်ကျွန်းနှင့် သမီးလှကျွန်း၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း(CBT)၊ တောင်ပံကြီးကျွန်းနှင့် ဘေလီကျွန်းတို့ဖြစ်သည်။


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ ကမ်းခြေနှင့် ကျွန်းများသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်စေရန် ခရီးသွားလုပ်ငန်းများကို ယခုလအတွင်း ပြန်လည်စတင်တော့မည်ဖြစ်သဖြင့် နိုင်ငံခြားသားခရီးသွားများ လွယ်ကူစွာလည်ပတ်နိုင်ရေး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)