ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဆက်လက်ရောင်းချပေး




MNP - အောက်တိုဘာ   ၁၂


ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ရောင်းချရာတွင် ကြည့်မြင်တိုင်မြို့နယ်တွင်လည်း နေ့စဉ်ရပ်ကွက်များအလိုက် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ လှိုင်မြစ်တဖက်ကမ်းရှိ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်၊ ငါးစင်အပိုင်း၊ သူရလမ်းတို့၌ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။


အဆိုပါအခြေခံစားသောက်ကုန်များအား ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များမှ ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 


သတင်း - ခိုင်ဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)