(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ



MNP - အောက်တိုဘာ  ၃၀


နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ ကျင်းပသည်။


အဆိုပါဂေါက်သီးရိုက်ပြိုင်ပွဲသို့ လှိုင်းဘွဲ၊ ဖာပွန်၊ မော်လမြိုင်၊ ကျိုက်ထို၊ ဘားအံမြို့နယ်များမှ ဂေါက်သီးရိုက်အသင်း ၁၀ သင်း၊ အားကစားသမား ၁၃၆ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က ဂေါက်သီးရိုက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အသင်းလိုက်အားကစားသမားများက Handicap 19 to 24 အငယ်တန်းနှင့် Handicap 0 to 18 အကြီးတန်းဟူ၍ အတန်းနှစ်တန်းခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ပြီး ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပသည်။


ဆုချီးမြှင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဝေးဆုံးရိုက်ချက်ဆု၊ ကျင်းနှင့်အနီးဆုံးဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ ပါအများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ ကျင်းပုန်းဆု၊ အကြိုးစားဆုံးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်စီးပွား ရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က Handicap 19 to 24 အငယ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က Handicap 0 to 18 အကြီးတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အသင်းလိုက် တတိယဆုရ လှိုင်းဘွဲ(က)အသင်း၊ ဒုတိယဆုရ မော်လမြိုင်(ခ)အသင်းနှင့် ပထမဆုရရှိသော ဘားအံ(က)အသင်းတို့အား ငွေသားဆု၊ ဆုကလပ်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)