မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစားအိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစားအိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့ပေးအပ်



MNP - အောက်တိုဘာ ၇


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့သစ်မြို့နယ်မှဒေသခံအလှူရှင်များက အခြေခံလူတန်းစား အိမ်ထောင်စု(၇၀၀)စုအတွက် စားကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်ခန့်က မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်ကစားကုန်များ ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်းရှင်းလင်းပြောကြားပြီး  ဝန်ကြီးချုပ်ဦးတင့်လွင့်နှင့်ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများက မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကို စားကုန်များပေးအပ်ခဲ့သည်။


မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကို စားကုန်ထောက်ပံ့ပစ္စည်းများဖြစ်သည့် ဆန်(၁)ပြည်၊ ဆီ(၄၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၂၅)ကျပ်သား၊ ကုလားပဲ(၂)ဗူး၊ တို့ကိုမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ထောင်စု(၅၀၀)စုနှင့် ဒေသခံအလှူရှင်များမှ အိမ်ထောင်စု(၂၀၀)စုတို့ကို စားကုန်ပစ္စည်းများအား လက်ဝယ်ပေးအပ်ခဲ့ရာ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၇၀၀)တို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)