မအီမြို့ ဆံထုံးကျေးရွာတွင် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ ဆံထုံးကျေးရွာတွင် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်

 



MNP - အောက်တိုဘာ  ၂၉


ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ်တွင် တောတောင်များကို အမှီပြုနေထိုင်ကြသည့် လက်ပံကျေးရွာ အုပ်စု၊ ဆံထုံးကျေးရွာ ကျေးလက်နေပြည်သူများအား ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးအတွက် ငှက်ဖျား သွေးဖောက်စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ တောင်ကုတ်မြို့နယ်အခြေစိုက် ငှက်ဖျားကင်းစင် ပပျောက်ရေးအဖွဲ့ (URC)နှင့် မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ငှက်ဖျားရောဂါ အဖြစ်များသည့် တောတောင်ဒေသကို အမှီပြုနေထိုင်လျက် အသက်မွေးဝမ်းကျောင်းပြုကြသော ကျေးလက်ဒေသများကို ငှက်ဖျားကင်းစင် ပပျောက်ရေးအဖွဲ့ (URC)မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရောက်ရှိလာ ကြသည့် ရွာသူရွာသား(၇၈)ဦးအား ငှက်ဖျားသွေးဖောက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ ရွာသား (၂)ဦးတို့တွင် ငှက်ဖျားပိုးတွေ့ရှိခဲ့သည်။


ဆက်လက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မအီမြို့၊ ကျေးလက်ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ဟောပြောရာတွင်  ငှက်ဖျားရောဂါမှာ ခြင်ကိုက်ခြင်းမှ ဖြစ်ပွားတတ်သည့်အတွက် ခြင်ထောင်ဖြင့်အိပ်စက်ခြင်း၊ ခြင်နိုင်ဆေးခွေထွန်း၍ ကာကွယ်ခြင်း၊ နေ့ခင်းနေ့လယ်တို့တွင် ကလေးများကို ခြင်နိုင်ဆေးလိမ်း၍ ထားရှိခြင်း စသည့် ငှက်ဖျားရောဂါ ကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့သည်။ အဆိုပါ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်ခြင်းများကို လက်ပံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းတင်နှင့် ဆံထုံးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့က လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


သတင်း - မောင်မောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)