သာပေါင်းမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 




MNP - အောက်တိုဘာ  ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ ပုသိမ်ခရိုင်ပညာရေးမှူး‌ ဒေါ်သန်းသန်းဦးတို့က အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများအား မြို့နယ်အဆင့်(ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မား‌ရေး အလုပ်ရုံဆွေးနွေးပွဲကို (၁) မိမိရာထူးနှင့်ကိုက်ညီစွာ စီမံခန့်ခွဲနိုင်ရန်၊ (၂) နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ အုပ်ချုပ်စီမံနိုင်ရန်၊ (၃)ပြောင်မြောက်သော စွမ်းဆောင်ရည်နှင့်ပြည့်ဝရေးအတွက် အစဉ်လေ့လာသင်ယူနေရန် စသည့် ရည်ရွယ်ချက်များဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန်ဝတ္တရားများနှင့် စည်းကမ်းများကို တန်ဖိုးထားလိုက်နာကာ ဆရာ့ကျင့်ဝတ်များနှင့်အညီ အနာဂတ်လမ်းပြသူများဖြစ်အောင် ကြိုးစားကြရန်၊ အခြေခံပညာ‌ကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှု အရည်အသွေးများ တိုးတက်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ကျောင်းတစ်ကျောင်းတွင် ခေါင်းဆောင်မှုတာဝန်ကို ယူထားရသော ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတို့၏ စီမံခန်ခွဲမှုသည် အလွန်အရေးပါကြောင်း၊ ယုံကြည်ချက်ခိုင်မာမှု၊ ခံယူချက်မှန်ကန်မှုနှင့် ကြိုးစားအားထုတ်မှုတို့ပေါင်းစပ်၍ အလုပ်တာဝန်နှင့် စည်းကမ်းများကို တန်ဖိုးထား လေးစားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အရည်အချင်းပြည့်ဝသည့် ကျောင်းအုပ်ကောင်းများဖြစ်အောင် ကြိုစားဆောင်ရွက်ကြရန် အကျယ်တဝင့် ရှင်းလင်းအဖွင့်အမှာစကား ပြောကြားကြသည်။


ထို့နောက် သာပေါင်းမြို့နယ် ပညာရေးမှူးဆရာမကြီး ဒေါ်ခင်သက်နိုင်က အခြေခံပညာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပို့ချမည့် ပုသိမ်မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ခင်အေးမှ ပညာရေးကဏ္ဍ၊ ကန်ကြီးဒေါင့်မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်တင်မေသန်းမှ စီမံကဏ္ဍ၊ ငပုတောမြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်ကျင်အေးမှ ဘဏ္ဍာရေးကဏ္ဍ၊ သာပေါင်းမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်မှ နိုင်ငံ့ဝန်ထမ်းဥပဒေ ဘာသာရပ်များအား တတ်ရောက်လာကြသော သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၄၁)ကျောင်းတို့မှ အခြေခံပညာ အထက်တန်းကျောင်းအုပ် (၈)ဦး၊ အခြေခံပညာ အလယ်တန်းကျောင်းအုပ် (၄၇)ဦး၊ အခြေခံပညာ မူလတန်းကျောင်းအုပ် (၁၈၆)ဦး ပေါင်း (၂၄၁)ဦးတို့နှင့် မိတ်ဆက်ပေးပြီး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ၊ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအထိ (၂)ရက် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)