ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး





MNP ၊ အောက်တိုဘာ ၂

ပြည်သူများအတွက် အခြေခံလိုအပ်သည့် အဝတ်အထည်များအား ပြည်တွင်း၌ ပိုမိုထုတ်လုပ်နိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အောက်တိုဘာ (၁) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်တို့ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေသမဝါယမလုပ်ငန်း လီမိတက်နှင့် Family United Power Co., Ltd. ၊ အထည်ချုပ်လုပ်ငန်း၊ Myanmar Integrated Communication and Trading Co., Ltd. တို့သို့ ငှားရမ်းထားသည့် စက်ရုံများကို ကြည့်ရှုစစ်ဆေးသည်။


စက်ရုံများသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်မှ တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်စေရေး အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဝတ်အထည်များသည် ပြည်သူများမွေးဖွားစဉ်မှ သေဆုံးသည်အထိ အသုံးပြုရသည့် ပစ္စည်းများဖြစ်၍ ပြည်ပမှတင်သွင်းရမှု လျှော့ချနိုင်ရေးအတွက် လုပ်ငန်းများချဲ့ထွင်၍ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ စက်ရုံများအနေဖြင့် လူနေထူထပ်သည့် မြို့ပြဧရိယာအတွင်း တည်ရှိ၍ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရန်လိုကြောင်း။


နိုင်ငံတော်မှ ပြည်တွင်းအဝတ် အထည်ကဏ္ဍ ဖူလုံစေရေးအတွက် ဝါအထွက် နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သွင်းအား စုများရရှိရေး၊ စိုက်ပျိုးနည်း ပညာများရရှိရေး ကူညီပံ့ပိုး ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြမှသာ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများမှ ရရှိသည့် အမြတ်အစွန်းအချို့ကိုလည်း ဝန်ထမ်းများ၏ သက်သာချောင်ချိရေး လုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးပြုစေလိုကြောင်း၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများအလိုက် အသိအမှတ်ပြု လက်မှတ်များရရှိအောင် စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားပြီး စက်ရုံအသီးသီး၌ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်နေမှုတို့ကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)